
မေမေ
သတိရတယ်မေမေရယ်။အခုထိအိပ်လို့ မရဘူး။
သတိရတယ်မေမေရယ်။အခုထိအိပ်လို့ မရဘူး။
မေမေဘယ်ရောက်နေလဲ။
ငါသေရင်မငိုနဲ့ လို့ မေမေ
ပြောခဲ့တယ်နော်။
မေမေရယ်လူတွေရှေ့ မှာတော့မငိုအောင်ထိန်းခဲ့ပါတယ်။
ဒါပေမဲ့နောက်ကွယ်မှာတော့ငိုဖြစ်ခဲ့တယ်မေမေရယ်။မေမေရေ
မေမေစိတ်ချမ်းသာအောင်မေမေသဘောမတူတဲ့သူကိုသမီး
အဆက်ဖြတ်ပြီးမေမေစိတ်ကြိုက်လူကိုသမီးယူခဲ့ပါတယ်။
မေမေရယ်သူ့ အကြောင်းကိုသမီးကသူငယ်ချင်းဘ၀ချစ်သူ
ဖြစ်ခဲ့စဉ်ဘ၀ထဲကသိခဲ့ပါတယ်မေမေရယ်။သိပ်တကိုယ်ကောင်း
ဆန်ပြီးလူမှူ့ ရေးလုံးဝနားလည်တဲ့သူမဟုတ်ပါဘူး။ဒီနေ့ လည်း
ကြည့်လေသူငယ်ချင်းကရုံးတင်ဖို့ စာမရေးတတ်လို့ အကူအညီ
လာတောင်းတာညဥ့်နဲနဲနက်သွားတယ်။ညတနာခွဲထိဖြစ်သွား
တယ်။အဲဒါသူကမနက်အလုပ်သွားရမှာမို့ လို့ တဲ့စိတ်ဆိုးနေ
တယ်မေမေရယ်။နောက်သူငယ်ချင်းကအလိုရှိမှလာတယ်လို့ 
သူကပြောပြီးစိတ်ဆိုးနေတယ်။မေမေရယ်သူတကယ်ဘဲသ
ဘောထားသေးပါတယ်။ငါဒီမှာမနေဘူးပြန်မှာလို့ လဲအမြဲတန်း
ပြောတယ်။သူ့ ကိုဘယ်သူကမှမဆွဲထားဘဲနဲ့ အခုထိမပြန်ဘူး။